အမျိုးသား အမွေအနှစ် အဆောက်အဦးများ ရောင်းချခြင်းကို ရှေ့နေများ ဆန္ဒပြ

In this photo taken Monday, Sept. 10, 2012, cars run by the old police headquarters in Yangon, Myanmar. Myanmar lawyers vowed Tuesday to protest the privatization of Yangon's hundred-year-old High Court building and a plan to convert the city's imposing old police headquarters into a Chinese-owned hotel. The Myanmar Lawyer's Network says is searching for legal means to block the sales of both buildings that were auctioned off by the previous military government which ceded power in 2011. (AP Photo)

(Gulf Time မှ 18 Oct 2012 ရက်စွဲပါ “Myanmar Lawyers protest sale of heritage building” သတင်းကို ဘာသာပြန်ဆိုသည်။)

ကိုလိုနီခေတ် တရားရုံးချုပ် အဆောက်အဦးနှင့် ရဲဌာနချုပ် အဆောက်အဦးများအား ယခင်အစိုးရက ရောင်းချထားခဲ့ခြင်းကို ရန်ကုန်မြို့တွင် ရှေ့နေ များက မနေ့က ကန့်ကွက်ဆန္ဒပြ ခဲ့ကြသည်။

“အမျိုးသား အမွေအနှစ် ထိန်းသိမ်းရေး ဥပဒေကို မချိုးဖောက်ပါနဲ့”ဟု ရေးသားထားသော စာတမ်းများ ကိုင်ဆောင်ထားကြသည့် ရှေ့နေ၂၀၀ ခန့်က ၁၀၁နှစ် သက်တမ်းရှိ တရားရုံးချုပ် အဆောက်အဦးမှ ပုလိပ်မင်းကြီး ရုံးအထိ ချီတက်ဆန္ဒပြ ခဲ့ကြသည်။

ယခင်တပ်မတော် အစိုးရက ပုဂ္ဂလိကထံ ရောင်းချခဲ့သော အဆိုပါ အဆောက်အဦး နှစ်ခုကို ပြန်လည်ရယူရန် ရှေ့နေများက အစိုးရထံ မေတ္တာရပ်ခံ တောင်းဆို ထားသည်။

ရှေ့နေအသင်း ပြောရေးဆိုခွင့်ရှိသူ ဦးအောင်သိန်းက “အရင်အစိုးရဟောင်းက အမျိုးသား အမွေအနှစ် ထိန်းသိမ်းရေး ဥပဒေကို ချိုးဖောက်ခဲ့တာပါ။ ဒါ့ကြောင့် ဒီအဆောက်အဦးတွေ ပုဂ္ဂလိက စီးပွားရေး သမားတွေ လက်ထဲမရောက်အောင် အစိုးရသစ်က တားပေးစေ ချင်ပါတယ်”ဟု ပြောကြားသည်။

ယခင် တပ်မတော် အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး သန်းရွှေက အုပ်ချုပ်ရေးမြို့တော်ကို ၂၀၀၆ခုနှစ်တွင် ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ ခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ နိုင်ငံပိုင် ကိုလိုနီခေတ် အဆောက်အဦး များစွာကို ရောင်းချပစ်ခဲ့ခြင်း ဖြစ်သည်။

တရားရုံးချုပ်အဆောက်အဦးကို လုပ်ငန်းရှင်သူဌေး ဦးသိန်းထွန်းထံ ရောင်းချထားပြီး ၎င်းကပြတိုက်အဖြစ် ပြောင်းလဲလိုသည်ဟု ကြားသိရသည်။ ပု လိပ် မင်းကြီး ရုံးဟောင်းကိုမူ ဟိုတယ်အဖြစ် ပြောင်းလဲရန် ကြံရွယ်ထားသည့် တရုတ်ရင်းနှီးမြှုပ်နှံသူ တစ်ဦးထံ ရောင်းချထားသည်။

ထို့နောက် ၂၀၁၁မတ်လတွင် အာဏာရရှိလာသော သမ္မတ ဦးသိန်းစိန်က ၁၈၂၄-၁၉၄၈ ဗြိတိသျှ အုပ်ချုပ်ရေး ကာလတွင် ဆောက်လုပ်ခဲ့သော ကို လိုနီခေတ် ဗိသုကာလက်ရာများ ထိန်းသိမ်းစောင့်ရှောက်ရေးကို အားပေးထောက်ခံမှု ပြုခဲ့သည်။

“ရန်ကုန်ဟာ အရှေ့တောင် အာရှမှာ သာမကပဲ အာရှတိုက်မှာပါ ကိုလိုနီခေတ် ဗိသုကာ လက်ရာတွေ အကြီးမားဆုံး စုဝေးနေတဲ့နေရာ ဖြစ်နိုင်ပါ တယ်”ဟု Historial Walks in Yangon စာအုပ်ရေးသားသူ အယ်လ်ဖရက် ဘန်ဘွန်က ပြောကြားသည်။

ယခုအခါ တံခါးဖွင့်မြန်မာနိုင်ငံ၏ မြန်ဆန်သော စီးပွားရေး လှိုင်းလုံးများ၏ ခြိမ်းခြောက်ခြင်း ခံနေရသော အမွေအနှစ် ထိန်းသိမ်းရေး ကြိုးပမ်းမှုများ ကို အရှိန်မြှင့်ရန်အတွက် The Yangon Heritage Trustကို ကုလအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးဖြစ်သူ ဦးသန်းမြင့်ဦးက ယခုနှစ် အ စောပိုင်းတွင် ထူထောင်ခဲ့သည်။

မကြာသေးမီက ဖိုရမ်တစ်ခုတွင် ဦးသန်းမြင့်ဦးက “ ဒီကိစ္စဟာ အရေးပေါ် အခြေအနေ ဖြစ်နေပြီလို့ ခံစားမိပါတယ်။ ဒါဟာတစ်နှစ်၊ နှစ်နှစ်လောက် စောင့်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး”ဟု ပြောကြားသွားသည်။ Yangon chronicle

0 comments:

Post a Comment

Powered by Blogger.